Consular Services
Consular Services For Myanmar Nationals
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဒူဘိုင်းမြို့မှ ဆောင်ရွက်ပေးလျှက်ရှိသော ကောင်စစ်ကိစ္စရပ်များ
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဒူဘိုင်းမြို့မှ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကောင်စစ်ကိစ္စရပ်များအား နေ့စဉ် ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၁၀:၀၀ နာရီမှ ညနေ ၁၅:၃၀ နာရီအထိ ဆောင်ရွက်ပေးလျှက် ရှိပါသည်။
| စဉ် | အကြောင်းအရာ | ကောက်ခံငွေ |
|---|---|---|
| ၁။ | နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း | ဒါဟမ်း ၁၃၅ |
| ၂။ | နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီး များအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း | ဒါဟမ်း ၅၃၅ |
| ၃။ | ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ မွေးဖွားသော ကလေးများ အတွက် နိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားခြင်း | ဒါဟမ်း ၅၃၅ |
| ၄။ | နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(က) ဘွဲ့လက်မှတ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း (ခ) ကလေးမွေးစာရင်း နိုတြီထောက်ခံစာ လျှောက်ထားခြင်း (ဂ) လက်ထပ်စာချုပ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း (ဃ) Power of Attorney/ General Power/ Special Power ထောက်ခံစာ လျှောက်ထားခြင်း |
ဒါဟမ်း ၈၀ |
| ၅။ | မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား (Certificate of Identity – C of I) လျှောက်ထားခြင်း | ဒါဟမ်း ၂၀၀ |
၁။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်။ |
| (၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ် | |
| (၄) နိုင်ငံကူးလက်မှတ် မူရင်း ( သက်တမ်း ၆ လ ကျန်ရှိသူများသာ) | |
| (၅) ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော အထောက်အထားကတ်မိတ္တူ | |
| (၆) မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ | |
| (၇) သန်းခေါင်စာရင်းမိတ္တူ | |
| (၈) ကျသင့်ငွေ ဒါဟမ်း ၁၃၅ | |
PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများသည် ကိုယ်ရေးလျှောက်လွှာတစ်စောင် ရေးသား၍ မည်သည့်အလုပ်ကို လုပ်ကိုင်လျှက်ရှိကြောင်းနှင့် အနီးဆုံး (၃)လတွင် လစာဝင်ငွေ မည်မျှ ရရှိကြောင်း အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီ/အဖွဲ့အစည်း၏ ထောက်ခံချက် (သို့) စာချုပ် ပူးတွဲတင်ပြရမည်။
PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် သက်တမ်းတိုးသည့် အခါ OWIC ကတ်ရှိပါက ပူးတွဲတင်ပြရန်နှင့် မရှိပါက မြန်မာနိုင်ငံသို့ ခွင့်ပြန်သည့် အခါ မဖြစ်မနေလျှောက်ထားရပါမည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတစ်နှစ်အထက် ကျန်သူများအတွက် သက်တမ်းကျန် ဒဏ်ကြေး ဒါဟမ်း ၁၁၀ ပေးဆောင်ရမည်။(တံဆိပ်တုံးထု၍ သက်တမ်းတိုး ထားခြင်းများကို ကောက်ခံခြင်း မပြုပါ)
သက်တမ်းလွန် နိုင်ငံကူးလက်မှတ်များ သက်တမ်းလွန်ဒဏ်ကြေး ဒါဟမ်း ၄၂၀ ပေးဆောင်ရပါမည်။ ခြောက်လအထက် သက်တမ်းလွန်ပါက မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ခွင့်ပြုချက် ရယူဆောင်ရွက်ရပါမည်။ ၂၀၁၂ ခုနှစ် မတိုင်ခင်ကတည်းက သက်တမ်းကုန်ဆုံးထားပါက လစာ ဝင်ငွေအတိုင်း အခွန်ပေး ဆောင်ရမည် ဖြစ်ပါသည်။
၂။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီးများအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်) |
| (၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ် | |
| (၄) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ | |
| (၅) ရောက်ရှိနိုင်ငံမှ ထုတ်ပေးထားသော နေထိုင်ခွင့်အထောက်အထားကတ်မိတ္တူ | |
| (၆) မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ | |
| (၇) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ | |
| (၈) ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာနှင့် ကုမ္ပဏီထောက်ခံစာ | |
| (၉) ကျသင့်ငွေ ဒါဟမ်း ၅၃၅ (၄၀၀ ဒဏ်ကြေး + ၁၃၅ နိုင်ငံကူးလက်မှတ်စာအုပ်ခ) | |
၃။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ မွေးဖွား သော ကလေးများအတွက် နိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ
(၂) ကလေး၏ ကိုယ်ရေး အချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်) |
| (၃) ကလေး၏ ဓာတ်ပုံနှင့် လက်ဗွေ | |
| (၄) ကလေးမွေးစာရင်းလက်မှတ် ကာလာမိတ္တူ (သက်ဆိုင်ရာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက်နှင့်အတူ) | |
| (၅) မိဘနှစ်ဦး၏ ကိုယ်ရေးအချက်အလက်၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ နိုင်ငံကူးလက်မှတ်မိတ္တူ | |
| (၆) မိဘနှစ်ဦး၏ လက်ထပ်စာချုပ်မိတ္တူ နှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ | |
| (၇) ကျသင့်ငွေ ဒါဟမ်း ၁၃၅ | |
နိုင်ငံကူးလက်မှတ်(မွေး/တိုး) ထုတ်ပေးရန်အတွက် ခွင့်ပြုချက်အား မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရသည် ဖြစ်ပါသဖြင့် လျှောက်ထားသူများ အနေဖြင့် အချက်အလက်ပြည့်စုံစွာဖြင့် လျှင်မြန်စွာ လျှောက်ထားကြရန် တိုက်တွန်း အပ်ပါသည်။
ခွင့်ပြုချက်ရရှိရန် လအနည်းငယ် အချိန်ယူရမည်ဖြစ်ပါသဖြင့် အရေးတကြီး ခရီးသွားရန် လိုအပ်ပါက မိခင်ဖြစ်သူ၏ နိုင်ငံကူးလက်မှတ်တွင် ကလေးငယ်အား ပူးတွဲပေးပါရန် သံရုံးသို့ လျှောက်ထားနိုင်သည်။ သံရုံးမှ တောင်းခံသည့် အခြားစာရွက် စာတမ်းများအား တင်ပြနိုင်ရမည်။
၄။ နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(က) ဘွဲ့လက်မှတ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်) |
| (၃) Emirate ID (ရှိပါက)၊ VISA | |
| (၄) နိုင်ငံကူးလက်မှတ်မိတ္တူ၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊အိမ်ထောင်စုသန်းခေါင်စာရင်း | |
| (၅) ဘွဲ့လက်မှတ် ကာလာမိတ္တူ | |
| (၆) ထောက်ခံစာပြုလုပ်မည့် နိုတြီစာရွက် (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိ ရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်) | |
| (၇) ကျသင့်ငွေ ဒါဟမ်း ၈၀ | |
| (၁) ကိုယ်ရေးလျှောက်လွှာ (မိဘဖြစ်သူမှ ကျိုးကြောင်းရေးသားဖော်ပြရန်)
(၂) ကလေးနှင့်မိဘနှစ်ဦး၏ ကိုယ်ရေးအချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်) |
| (၃) မိဘနှစ်ဦး နိုင်ငံကူးလက်မှတ် ကာလာမိတ္တူ | |
| (၄) မိဘနှစ်ဦး လက်ထပ်စာချုပ် ကာလာမိတ္တူ | |
| (၅) ကလေးမွေးစာရင်း ကာလာမိတ္တူ | |
| (၆) ကလေးမွေးစာရင်းနိုတြီ (မူရင်း) (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်) | |
| (၇) ကျသင့်ငွေ ဒါဟမ်း ၈၀ | |
| (၁) ကိုယ်ရေးလျှောက်လွှာ (ခင်ပွန်း/ဇနီးမှ ကျိုးကြောင်းရေးသားဖော်ပြရန်)
(၂) ဇနီး၊ ခင်ပွန်းနှစ်ဦး၏ ကိုယ်ရေးအချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်) |
| (၃) ဇနီး၊ခင်ပွန်းနှစ်ဦး နိုင်ငံကူးလက်မှတ် ကာလာမိတ္တူ | |
| (၄) ဇနီး၊ခင်ပွန်းနှစ်ဦး၏ လက်ထပ်စာချုပ် ကာလာမိတ္တူ | |
| (၅) လက်ထပ်စာချုပ်နိုတြီ (မူရင်း) (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်) | |
| (၆) ကျသင့်ငွေ ဒါဟမ်း ၈၀ | |
| (၁) ကိုယ်စားလှယ်လွှဲစာအပေါ်တွင် သက်ဆိုင်ရာနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ထောက်ခံချက် ပါရှိရမည်။ | |
| (၂) GP/ SP လွှဲအပ်သူမှ လက်မှတ်အား သံရုံးသို့ လာရောက်၍ သံအရာရှိ/ ကောင်စစ်အရာရှိ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရမည်။ | |
| (၃) လွှဲအပ်သူနှင့် လက်ခံသူ ကိုယ်ရေးလျှောက်လွှာ | |
| (၄) လွှဲအပ်သည့်ကိစ္စအကြောင်းအရာ ကိုယ်ရေးစာ လျှောက်လွှာ လက်ခံသူနှင့် လွှဲအပ်သူ၏ နိုင်ငံကူးလက်မှတ်/နိုင်ငံသားစီစစ်ရေးကတ်/ ID Card ကာလာမိတ္တူ | |
| (၅) ကျသင့်ငွေ ဒါဟမ်း ၈၀ |
၅။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား( Certificate of Identity – C of I) လျှောက်ထားခြင်း
| (၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက် |
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်) |
| (၃) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ | |
| (၄) ရောက်ရှိနိုင်ငံသို့ ဝင်ရောက်လာသည့် ဗီဇာအမျိုးအစား၊ ဗီဇာစာမျက်နှာ | |
| (၅) မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ | |
| (၆) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ | |
| (၇) ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာနှင့် ကုမ္ပဏီထောက်ခံစာ | |
| (၈) ကျသင့်ငွေ ဒါဟမ်း ၂၀၀ | |
C of I ဖြင့် ရောက်ရှိနိုင်ငံမှ ထွက်ခွာခြင်းသည် နောင်တချိန်ပြန်လည်ဝင်ရောက်ရာ၌ အခက်အခဲများ ဖြစ်နိုင်ပြီး အချို့နိုင်ငံများတွင် (၅)နှစ်အထိ ဝင်ရောက်ခွင့် တားမြစ် ထားခြင်းများ ရှိပါသဖြင့် ရောက်ရှိနိုင်ငံ၏ မူဝါဒနှင့် အဆိုပါ ထိခိုက်မှုမျိုး မဖြစ်စေရန် လိုအပ်သော စာရွက်စာတမ်းများအား ကြိုတင်ပြင်ဆင်ဖြည့်ဆည်းထားရန် သတိပေး အပ်ပါသည်။
လျှောက်ထားသူများသည် ရှင်းလင်းသပ်ရပ်သော လျှောက်လွှာ အပြည့်အစုံနှင့်အတူ ပူးတွဲပါ သံရုံးလိပ်စာသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ စာတိုက်မှသော် လည်းကောင်း လျှောက်ထားနိုင်သည်။ အချက်အလက်ပြည့်စုံ၍ လူကိုယ်တိုင် လျှောက်ထားပါက Working day (၇)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး စာတိုက်မှတစ်ဆင့် လျှောက်ထားပါက Working day (၁၄)ရက်ခန့် ကြာမြင့်မည် ဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပ လျှောက်ထားသူများအနေဖြင့် မိမိတို့နှစ်သက်ရာ Courier Service များဖြင့် အသွား/အပြန် ပေးပို့လျှောက်ထားနိုင်သည်။ လျှောက်ထားသူများ ပေးပို့သည့် Courier များအား လာရောက် Pick up ယူရန် သံရုံးမှ ဖုန်းဆက်ခေါ်ဆိုပေးမည် မဟုတ်ပါ။
(Pick up Time – ဗုဒ္ဓဟူး- ကြာသပတေး၊ ၁၄:၀၀-၁၅:၃၀ နာရီ)
Office 2203 & 2204, Mazaya Business Avenue BB-2, First Al Khail Street, Al Thanyah Fifth, Dubai, United Arab Emirates.
P.O Box 337619,
971 – 4 – 285 9933, 971 – 4 – 286 0140
Embassy Websites
Government Ministries
Daily News
Contact Details
P.O Box 337619,
971 - 4 - 285 9933, 971 - 4 - 286 0140
www.mcgdubai.org
Follow Us
© Copyright 2024 by Consulate General of the Republic of the Union of Myanmar in Dubai, UAE.

